မိုင်းယောင်း စက်တင်ဘာ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် စစ်ကြောင်းကြီး (၅) ကြောင်း ဖြင့် ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်တွင် မြို့ကျက်သရေဆောင် ဟိုခုံပရိယတ္တိစာသင်တိုက်၌ အမှတ် (၄၊ ၇၊ ၈) ရပ်ကွက် ပြည်သူများ၏ လိုအပ်ချက်များကို ကွင်းဆင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့အား အကောင်အထည် ဖော်ဆောင်ရွက်ရန်၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန်နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ဒေသဖွံ့ဖြိုး ရေး၊ လူမှုရေး၊ စည်းရုံးရေး စစ်ကြောင်းကြီး ငါးကြောင်းဖြင့် ပြည်သူလူထု၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည့် စစ်ကြောင်းကြီး (၅)ကြောင်း၏ လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် စစ်ကြောင်းကြီး (၅)ကြောင်းမှ အဖွဲ့ခေါင်းဆောင်များက နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ သန့်ရှင်းသော သောက်သုံးရေ ရရှိရေး၊ လမ်း၊ တံတား၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လူမှုရေး၊ အားကစား စသည့် မိမိစစ်ကြောင်းနှင့် သက်ဆိုင်သည့် လုပ်ငန်းတာဝန်များကို စစ်ကြောင်းအလိုက် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာ သူများက သိရှိလိုသည်များ မေးမြန်းရာတင်ပြရာ သက်ဆိုင်ရာဌာနများက ပြန်လည်ဆွေးနွေး ဖြေကြားပေးကာ ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း