သတင်းများ

ရွာငံမြို့နယ်၌ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသပြည်သူများတွေ့ဆုံ
Sep 22,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသ၊ ရွာငံမြို့နယ်၊‌ ဘုရားကြီးကုန်းကျေးရွာ၊ မြရောင်ခြည်ခန်းမ၌လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ယနေ့နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။
ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် စာရေးသူတို့၏ အတွေးအမြင်များ မျှဝေခြင်းဆောင်ရွက်
Sep 22,2022
ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးလုပ်ငန်းများကို အွန်လိုင်းမှတဆင့် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ စာရေးဆရာ မောင်လေပြေ (တောင်တွင်း) ရေးသားသည့် ‘‘မြန်မာ့တန်ခိုး ဗိဿနိုး” ကဗျာဖြင့် စာရေးသူတို့၏ အတွေးအမြင်များ မျှဝေခြင်းအစီအစဉ်ကို ယနေ့နံနက်ပိုင်းတွင် ခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre၌ ဆောင်ရွက်ခဲ့သည်။
ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့တွင် လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အထူး) တောင်သူသင်တန်း အမှတ်စဉ် (၂/၂၀၂၂) အခမ်းအနားဖွင့်လှစ်
Sep 22,2022
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ စက်မှုလယ်ယာသင်တန်းကျောင်း၌ ကျင်းပသည့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အထူး)တောင်သူသင်တန်း အမှတ်စဉ် (၂/၂၀၂၂) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
လက်ပံတန်းမြို့နယ်တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး တောင်သူအသိပညာပေး ဆွေးနွေးပွဲ ကျင်းပ
Sep 22,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ လက်ပံတန်းမြို့နယ်၏ ၂၀၂၂-ခုနှစ်၊ စက်တင်ဘာလအတွင်း ကျေးရွာ (၁၀) ရွာ စိစစ်ရွေးချယ်၍ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး တောင်သူအသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျှက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ချမ်းသာကုန်းကျေးရွာ စိုက်ပျိုးရေးစခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
တောင်ငူမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 22,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ နတ်သျှင်နောင်ခန်းမ၌ ယမန်နေ့နံနက်ပိုင်း က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့နယ်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ဘိုးဘွားရိပ်သာရှိဘိုးဘွားများနှင့် မိခင်ဝိုင်းများတွင် တက်ရောက်နေသော ကလေးငယ်များအတွက် လှူဒါန်းမှုများဆောင်ရွက်
Sep 22,2022
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကလေးသူငယ်ပြုစုပျိုးထောင်ရေး မိခင်ဝိုင်းများတွင် တက်ရောက်နေသော ကလေးငယ်များအား ကစားစရာပစ္စည်းများ လှူဒါန်းခြင်းနှင့် ရွှေကြို့မြေ ဘိုးဘွားရိပ်သာရှိ သက်ကြီးဘိုးဘွားများအား အာဟာရဖြည့်မုန့်များနှင့် အလှူငွေများလှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Booster Dose) နှင့် ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးထိုးနှံ
Sep 22,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ကျောင်းအခြေပြု အသက် ၁၂ နှစ် အထက် ကျောင်းသား၊ ကျောင်းသူများနှင့်ပြည်သူများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပိုဆောင်း (Booster Dose)နှင့် ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံခြင်းကို  ယနေ့၊ နံနက် ၁၀ နာရီက  ပေါက်တောပြင် (အ.ထ.ကခွဲ)ကျောင်းနှင့် ဆင်သေ(အ.ထ.ကခွဲ) ကျောင်းများ၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ပခုက္ကူမြို့၌ သီတင်းကျွတ်မီးပုံးနှင့်ကလေးကစားစရာအရုပ်များ ရောင်းအားကောင်း
Sep 22,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ သီတင်းကျွတ်မီးပုံးနှင့် ကလေးကစားစရာအရုပ်များ သီတင်းကျွတ်ကာလ မတိုင်မီကပင်စတင်ရောင်းအားကောင်းနေပြီဖြစ်ကြောင်း သိရသည်။