သတင်းများ

ညောင်ဦးမြို့လမ်းသွားလမ်းလာများနှင် ဈေးများအတွင်း နှာခေါင်းစည်းလူတိုင်းတပ်ဆင်နိုင်ရေး Mask ခုရေ ၄၀၀၀ ဖြန့်ဝေ
Sep 21,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ မဏိစည်သူဈေး၊ ဘုန်းစဉ်အခွန်လွတ်ဈေး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ အမှတ် (၇) ဝက်ကြီးအင်းရပ်တို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေး လူတိုင်းနှာခေါင်းစည်း Mask တပ်ဆင်နိုင်ရေး နှာခေါင်းစီးခုရေ ၄၀၀၀ ဖြန့်ဝေ၍ Mask Campaign ပြုလုပ်ခြင်းအား ယနေ့နံနက် ၉ နာရီအချိန် က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများထုတ်ပေး
Sep 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်း နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို ယနေ့ နံနက် (၆) နာရီတွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Sep 21,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့နံနက် (၁၀) နာရီက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
လပွတ္တာမြို့နယ်၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်
Sep 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေးစသည့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများအတွက် ယနေ့ နံနက်(၈)နာရီချိန်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး ၅ ကြောင်းဖြင့် ဂန့်အိတ်ကျေးရွာ အုပ်စု၊ ဂန့်အိတ်ကျေးရွာ၊ ဇေတဝန်ကျောင်းသစ် ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မော်လမြိုင်မြို့နယ် မောင်ငံရပ်ကွက်နှင့် ဘိုကုန်းရပ်ကွက်တွင် လုံခြုံရေး၊ တရားဥပဒေ စိုးမိုး‌ရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်
Sep 21,2022
လုံခြုံရေး၊တရားဥပဒေစိုးမိုးရေး၊ရပ်ရွာ အေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မော်လမြိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င်(၁) က ကြီးကြပ် ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ယနေ့ နေ့လည်ပိုင်းတို့တွင် မော်လမြိုင်မြို့နယ်၊ မောင်ငံရပ်ကွက်နှင့်ဘိုကုန်းရပ်ကွက်များသို့ ကွင်းဆင်း၍ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၊ ဒေသနေပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်နေသော တောဇွန်တဲတိုက်သို့ သောက်သုံးရေလှူဒါန်း
Sep 21,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်နေသော တောင်ဇင်းတိုက်နယ်တောဇွန်တဲတိုက်သို့ ယနေ့နံနက် ၉ နာရီအချိန်က ဝေမျှခြင်းပရဟိတ (ရန်ကုန်) မှ သောက်သုံးရေ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်တွင်  Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ ငှားရမ်း ဆောင်ရွက်ပေး
Sep 21,2022
စာကြည့်တိုက်နှင့် ဝေးကွာနေသည့် ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ ဗဟုသုတိုးပွား ရရှိစေရန်အတွက်ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို  ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ကျိုင်းတုံခရိုင်
ဆိပ်ဖြူမြို့နယ်၌ ကြက်ခြေနီအသင်းခွဲ အမှုဆောင်အစည်းအဝေး ကျင်းပ
Sep 21,2022
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် ကြက်ခြေနီအသင်းခွဲအမှုဆောင်များ လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။