မိုင်းခတ်မြို့၌ စစ်ကြောင်းကြီး(၅)ကြောင်း နယ်မြေကွင်းဆင်းခြင်းလုပ်ငန်းများဆောင်ရွက်
Sep 21,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စစ်ကြောင်းကြီး(၅)ကြောင်း နယ်မြေကွင်းဆင်း ဆောင်ရွက်ခြင်းလုပ်ငန်းကို ယမန်နေ့နံနက်(၁၀)နာရီခွဲအချိန်က မိုင်းဟန်ကျေးရွာအုပ်စု၊ မိုင်းဟန်ကျေးရွာနှင့် ဖာလန်ကော်ကျေးရွာအုပ်စု၊ တောင်သုံးလုံးကျေးရွာတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။