ကျိုင်းတုံ စက်တင်ဘာ၂၁
စာကြည့်တိုက်နှင့် ဝေးကွာနေသည့် ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ ဗဟုသုတိုးပွား ရရှိစေရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ကျိုင်းတုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးသို့ သွားရောက် ငှားရမ်းပေးသည်။
ထိုသို့ငှားရမ်းပေးရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာဖတ်ပရိတ်သတ်များ စိတ်ကြိုက်ရွေးချယ်ဖတ်ရှုနိုင်ရန်အတွက် သုတ၊ ရသစာအုပ်များ၊ ဝတ္ထု၊ ရုပ်ပြ၊ မဂ္ဂဇင်း စာအုပ်များအား Mobile Library စနစ်ဖြင့် အခမဲ့သွားရောက် ငှားရမ်း ပေးခဲ့ကြသည်။ အဆိုပါ Mobile Library စနစ်ဖြင့် ငှားရမ်းပေးခြင်းကို အပတ်စဉ် သွားရောက်လဲလှယ် ငှားရမ်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အောင်ဇင်မြင့် (ပြန်/ဆက်)