သတင်းများ

လပွတ္တာမြို့နယ် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အဆင့် စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လည် ၁ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွေးနဒီခန်းမ၌ ကျင်းပခဲ့ကြသည်။
ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး IDPs စခန်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းနှင့်  နှာခေါင်းစည်းဝေငှခြင်းများ ဆောင်ရွက်
Sep 21,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး IDPs စခန်းရှိ အခြေခံပညာမူလတန်းလွန် ကျောင်းတွင် တက်ရောက်ပညာသင်ယူနေသည့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အဆိုပါခိုလှုံရာစခန်းသို့ သွားရောက်ပြီး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်း၊ နှာခေါင်းစည်း(mask)များနှင့် လက်ကမ်းစာစောင်များ ဝေငှပေးခြင်းကို ကွင်းဆင်းဆောင်ရွက် ခဲ့ကြသည်။
လိပ်သိုမြို့ အလည်ချောင်း (အောက်) ကျေးရွာတွင် အမျိုးသမီးငယ်များအား    သားအိမ် ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (ဒုတိယအကြိမ်) အဖြစ်ထိုးနှံပေး
Sep 21,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသရှိ ကျေးလက်နေအမျိုးသမီးများအား သားအိမ်ခေါင်းကင်ဆာရောဂါ မဖြစ်ပွားစေရန်အတွက် ကာကွယ် ဆေးကို မိန်းကလေးငယ်များအား စောလျင်စွာထိုးနှံပေးခြင်းဖြင့် အစောဆုံးကာကွယ်နိုင်မှုရရှိနိုင်မည်ဖြစ်သောကြောင့် ကြိုတင်ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့်တင်၍ ဆောင်ရွက်လျက်ရှိကြောင်း လိပ်သိုမြို့တိုက်နယ်ကျန်းမာရေးဌာနမှ သိရသည်။
ပုဇွန်တောင်မြို့နယ်၌ စားသောက်ဆိုင်နှင့်စတိုးဆိုင်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ ရောင်းချနိုင်ရေး အသိပညာပေးခြင်းဆောင်ရွက်
Sep 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်အတွင်း လူဝင်လူထွက်များသော စားသောက်ဆိုင်များနှင့် စတိုးဆိုင်များအား ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ရောင်းချနိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာ လက်ထောက်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ပဲခူးမြို့၌ ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ
Sep 21,2022
၂၀၂၂ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်း က ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
မင်းတပ်မြို့တွင် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချပေး
Sep 21,2022
ချင်းပြည်နယ်၊ မင်းတပ်မြို့၌ ဒေသခံပြည်သူများ နေ့စဉ်လူမှုဘဝ စားသောက်‌ရေးတွင် တစိတ်တဒေသ အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ချင်းပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် စစ်နယ်မြေမှူး ဗိုလ်မှူးကြီးအောင်မြတ်ထွန်းနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အခြေခံစားသောက်ကုန်များကို လက်ရှိပေါက်ဈေး၏ ၂၀/% လျော့၍ ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရန် ယနေ့နံနက် ၇ နာရီ အချိန်က စံပြ ရပ်ကွက်ရှိ မြို့မဈေးရှေ့တွင် ရောင်းချပေးခဲ့သည်။
ကျိုက်ထိုမြို့နယ်တွင် အခမ်းအနားမှူးသင်တန်း (၁/၂၀၂၂)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Sep 21,2022
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဌာနဆိုင်ရာဝန်ထမ်းများလုပ်ငန်းခွင်အတွင်း အထောက်အကူပြု သင်တန်းဖြစ်သည့် အခမ်းအနားမှူး သင်တန်း (၁/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၃) နာရီတွင် ကျိုက်ထိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဒဂုံမြောက်၌ ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေး လှုပ်ရှားမှုအနေဖြင့် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေ
Sep 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့ပေါ်လူစည်ကားရာနေရာများ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန် Mask တပ်ဆင်ထားခြင်းမရှိသူ လမ်းသွားလမ်းလာပြည်သူများအား