ဆိပ်ဖြူ စက်တင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် ကြက်ခြေနီအသင်းခွဲအမှုဆောင်များ လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
အဆိုပါအခမ်းအနားကို မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ကြက်ခြေနီအသင်း၏ အခြေခံမူ(၇)ချက်နှင့်အညီ လူသားချင်းစာနာထောက်ထားပြီး၊ ဆင်းရဲဒုက္ခများ နည်းပါးသက်သာစေရန်၊ ဘေးဒုက္ခအန္တရာယ်များ တားဆီးကာကွယ်ရေး လုပ်ငန်းများနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ ကူးစက်ရောဂါ တားဆီးကာကွယ်ရေးလုပ်ငန်းများ လူမှုအကျိုးပြုလုပ်ငန်းများ၌ အရှိန်အဟုန်မပျက် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်ကြက်ခြေနီအသင်းခွဲ အမှုဆောင်များ လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ဆောင်ရွက်ရခြင်းဖြစ်သည်။
အဆိုပါအခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးပိုင်က မြို့နယ်အတွင်း လူမှုရေးလုပ်ငန်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကာကွယ်တားဆီးရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးသည့် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များအား ကျေးဇူတင်စကားမပြောကြားပြီး၊ စေတနာ့ဝန်ထမ်း ကြက်ခြေနီလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးတို့ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးတင်မောင်ထွေးနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဒုတိယတပ်ရင်းမှူး ဦးမောင်မောင်ဝင်းတို့က မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအတွက် လူမှုကူညီရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ စွမ်းဆောင်ရည် မြင့်မားရေးဆောင်ရွက်ပေးနေမှု အခြေအနေများ ရှင်းလင်းပြောကြားပြီး မြို့နယ် ကြက်ခြေနီအသင်းခွဲ၏ ရှေးဆက်ဆောင်ရွက်မည့် လုပ်ငန်းများ တင်ပြဆွေးနွေးခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသည့် မြို့နယ် ကြက်ခြေနီအသင်းခွဲ အမှုဆောင်အဖွဲ့ဝင်များက ရှေ့လုပ်ငန်းစဉ်များကို ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရှိရသည်။ စိုးလင်းနိုင်(IPRD)