သတင်းများ

အမျိုးသမီးများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်နိုင်ရေး ခရိုင်အမျိုးသမီးကော်မတီအစည်းအဝေး ကျင်းပ
Sep 21,2022
စစ်ကိုင်းတိုင်းဒေသကြီး ​ရွှေဘိုခရိုင်အမျိုးသမီးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီအချိန်ကခရိုင်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာခရိုင် အမျိုးသမီးကော်မတီဥက္ကဋ္ဌနှင့်အတွင်းရေးမှူး၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်၌ သီးနှံစိုက်ပျိုးထုတ်လုပ်သည့် ဒေသခံတောင်သူများကို စိုက်ပျိုးမွေးမြူရေး မြစိမ်းရောင် စီမံကိန်းအ​ကြောင်း မိတ်ဆက်ရှင်းလင်း
Sep 21,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်  ရှမ်းပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး  ဦးချိုနိုင်ထွန်းသည်  မြို့နယ်အတွင်းရှိ  ရော်ဘာ၊ ကော်ဖီ၊ လက်ဖက်၊ မက္ကဒေးမီးယား၊ နေကြာစိုက်တောင်သူများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ညနေ ၃နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ တွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့ကြောင်း
အလုံခရိုင်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ
Sep 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်အတွင်းရှိ မြို့နယ်များမှ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ ကျင်းပြပြုလုပ်ကြောင်း သိရသည်။
ကလေးဝမြို့တွင် အခြေခံစားသောက်ကုန်ပစ္စည်းများအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
Sep 21,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စားသောက်ရေး အဆင်ပြေစေရန်အတွက် အခြေခံစားသောက်ကုန်ပစ္စည်းများအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချခြင်းကို ယမန်နေ့ နံနက် ၇ နာရီမှ ၉ နာရီအထိ ကလေးဝမြို့ အမှတ် (၁) ရပ် ကွက်ရှိ မြို့မရဲစခန်းရှေ့၌ ရောင်းချပေးခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးအလုပ်သမားပပျောက်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး မုံရွာမြို့တွင်ကျင်းပ
Sep 21,2022
စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးကော်မတီအောက်ရှိ လုပ်ငန်း ကော်မတီ (၄) ရပ်၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီခွဲက စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ ကော်မတီနှင့်လုပ်ငန်းကော်မတီအသီးသီးတို့မှ ကော်မတီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ကန့်ဘလူ၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲဆုရရှိသူများ ဆုချီးမြှင့်
Sep 21,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခြေခံပညာအလယ်တန်းဆင့်နှင့် မူလတန်းဆင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်သည့်အခမ်းအနားကို စက်တင်ဘာလ ၁၉ ရက် နံနက် ၁၀ နာရီက ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးခြင်း၊ နှာခေါင်းစည်းများ  (အခမဲ့)ဝေငှခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများဆောင်ရွက်
Sep 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း(Mask)များဝေငှပြီး အသိပညာပေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက စမ်းချောင်း(တောင်)ရပ်ကွက်တွင် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၂) ကျင်းပ
Sep 21,2022
ပဲခူးတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၂)ကို ယမန်နေ့နံနက်ပိုင်း က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။