သာစည်မြို့နယ်တွင် မိုးစပါး Rs-Cs မျိုးစေ့ထုတ်စိုက်ခင်း နည်းပညာပေးခြင်းနှင့် စုပေါင်းမြေဩဇာကြဲပက်ပွဲပြုလုပ်
Sep 20,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ၂၀၂၂-၂၀၂၃ မိုးရာသီတွင် မိုးစပါး မျိုးကောင်းမျိုးသန့်မျိုးစေ့များ ရရှိစေရန် မျိုးသန့်စိုက်ခင်းများစိုက်ပျိုးလျက်ရှိရာစိုက်ပျိုးပြီးသော စိုက်ခင်းများကို ဓာတ်မြေဩဇာအချိန်ကိုက်အချိုးညီ သုံးစွဲတတ်စေရန်နှင့် အလေအလွင့်နည်းပါးစေရန် နည်းပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီက မင်းလှကျေးရွာအုပ်စု ကွင်း အမှတ် ၁၈၄၂ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသက်သာ မနောသုခမျိုးစေ့ထုတ် စိုက်ခင်း ၄ ဧက၌ နည်းပညာပေးခြင်းနှင့်စုပေါင်းမြေဩဇာကြဲပက်ခြင်း ပြုလုပ်ကြောင်း သိရ သည်။