မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ၂ဝ၂၂ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား တက်ရောက်
Sep 20,2022
သက်ရှိလူသားများအနေဖြင့် နေ့စဉ် စားသောက်နေထိုင်မှုမှအစ သွားလာပြုမူမှုများကိုပါ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်လွယ်သည့် အသုံးအဆောင်ပစ္စည်းများဖြင့် ဆင်ယင်အသုံးပြု ဖန်တီးမှုများကြောင့် ကမ္ဘာ့အိုဇုန်းလွှာ ပျက်စီးယိုယွင်းမှုများမှ ကာကွယ်နိုင်ရန် ရည်ရွယ်၍ ၂ဝ၂၂ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းသား၊ ကျောင်သူများ တက်ရောက်ခဲ့သည်။