သတင်းများ

ဘားအံမြို့ရှိ သန့်တည်းခိုခန်းတွင် မီးလောင်မှုဖြစ်ပွား
Sep 20,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အမှတ်(၉)ရပ်ကွက်ရှိ တည်းခိုခန်းတစ်ခု ယမန်နေ့နံနက် (၁) နာရီခွဲခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ညောင်ဦးမြို့၌ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချပေး
Sep 20,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့တွင် မြန်မာနိုင်ငံဆီကုန်သည်များ နှင့်ဆီလုပ်ငန်းရှင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် စားအုန်းဆီများအား သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီရောင်းချခြင်းအား ယနေ့နံနက် ၉ နာရီအချိန်မှစတင်ပြီး ညောင်ဦးမြို့ ရပ်ကွက်များအလိုက်ရောင်းချပေးနေကြောင်းသိရသည်။
ချောင်းသာမြို့၌ ဒေသခံပြည်သူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မှုခင်းကျဆင်းရေးအကြောင်း အသိပညာပေးဟောပြော
Sep 20,2022
ဧရာဝတီတိုင်ဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ယာဉ်/လမ်းအန္တရာယ် ကင်းရှင်းစေရေးအတွက် အသိပညာပေး လုပ်ငန်းများဆောင်ရွက် လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီက ဦးတိုကျေးရွာဘုန်းတော်ကြီး ကျောင်း၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပင်းတယမြို့လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် E-Library Management System Software (LMS)အသုံးပြုနည်း ဆင့်ပွားသင်တန်းဖွင့်လှစ်
Sep 20,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး (ပင်းတယ) လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမတွင် E-Library Management System Software (LMS) အသုံးပြုနည်းဆင့်ပွားသင်တန်းကို ယနေ့နံနက် ၁၀ နာရီ အချိန်က စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်ရောဂါ" ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲဆောင်ရွက်
Sep 20,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်ရောဂါ" အကြောင်းသိရှိစေရန်နှင့် ကြိုတင်ကာကွယ်ရန်ရည်ရွယ်၍ အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကို ယနေ့နံနက် (၉) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း ၂ဝ၂၂ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား တက်ရောက်
Sep 20,2022
သက်ရှိလူသားများအနေဖြင့် နေ့စဉ် စားသောက်နေထိုင်မှုမှအစ သွားလာပြုမူမှုများကိုပါ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်လွယ်သည့် အသုံးအဆောင်ပစ္စည်းများဖြင့် ဆင်ယင်အသုံးပြု ဖန်တီးမှုများကြောင့် ကမ္ဘာ့အိုဇုန်းလွှာ ပျက်စီးယိုယွင်းမှုများမှ ကာကွယ်နိုင်ရန် ရည်ရွယ်၍ ၂ဝ၂၂ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း၊ ပြည်နယ်တရားလွှတ်​တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းသား၊ ကျောင်သူများ တက်ရောက်ခဲ့သည်။
ပုလောမြို့နယ် ပြန်/ဆက်ဝန်ထမ်းများက စာဖတ်ရှိန်တိုးတက်လာစေရေး နယ်လှည့်ကွင်းဆင်း၍  သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေး
Sep 20,2022
စာဖတ်ရှိန်တိုးတက်လာစေရေးရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဝန်ထမ်းများက မြို့နယ်ပြည်သူ့ စာကြည့်တိုက်ရှိ သုတ/ရသ စာအုပ်များကို ယနေ့နံနက် ၁၀ နာရီက ဌာနဆိုင်ရာရုံးများနှင့်ဝန်ထမ်းမိသားစု များကို သွားရောက်၍ သုတ/ရသစာအုပ် စာစောင်များကို ကွင်းဆင်းငှားရမ်း ဆောင်ရွက်ပေးခဲ့ သည်။
အင်္ဂပူမြို့နယ်အတွင်းရှိ ပြည်သူများအား အခြေခံစားသုံးကုန်စည်များ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
Sep 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၌ ကုန်စည်စျေးနှုန်းများမြင့်တက်နေမှုကို ထိန်းချုပ်နိုင် ရေးအတွက် ပြင်ပပေါက်စျေးထက် သက်သာသောဈေးနှုန်းများဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင် သာယာ‌ရေးအဖွဲ့ဝန်ထမ်းများ ပူးပေါင်း ပြီး ယမန်နေ့ နံနက်ပိုင်းက အင်္ဂပူမြို့၊ မြို့မဈေးတွင် ပြည်သူများအား အခြေခံစားသုံးကုန်စည်များ ရောင်းချ ပေးခဲ့သည်။