သတင်းများ

ကလောမြို့နယ်၌ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်
Sep 20,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၂)အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်ကုတ်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါကူးစက်မှုမရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရန် Mask Campaignနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Sep 20,2022
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါကူးစက်မှုမရှိစေရန်နှင့် ကာကွယ်ထိန်းချုပ်နိုင်ရန် မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့်
ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ ကာယ၊ ညာဏစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရန် ပြိုင်ပွဲများကျင်းပ
Sep 20,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူလေးများ ကာယ၊ ညာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန် ယမန်နေ့မွန်းလွဲ (၄) နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကာယ၊ ညာဏစွမ်းရည်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဗိုလ်တထောင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့မှ ပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ
Sep 20,2022
ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ယနေ့နံနက်(၁ဝး၀၀)နာရီ၌ အမှတ်(၇)ရပ်ကွက် ကုန်သည်လမ်းရှိ ဈေးဆိုင်များနှင့် ပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကမမောင်းမြို့တွင်   ကိုဗစ်-၁၉ကြိုတင်ကာကွယ်ရေးအတွက်ဆရာ/ဆရာမများနှင့်  ကျောင်းသား၊ကျောင်းသူများအား Covid -19 RDT စစ်ဆေးမှုဆောင်ရွက်ပေး
Sep 20,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊  ကမမောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာ/ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများအား Covid-19 RDTစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်း(၁၁)နာရီချိန်ကစစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် အမျိုးသမီးငယ်များ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်) အဖြစ် ထိုးနှံပေး
Sep 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အမျိုးသမီးများတွင် ဖြစ်ပွားတတ်သော သားအိမ်ခေါင်းကင်ဆာရောဂါမှ ကာကွယ်နိုင်စေရန်အတွက် အမှတ်(၄)ရပ်ကွက် စပ်စံထွန်းလမ်း ဓမ္မရက္ခိတဆွမ်းလောင်း ဓမ္မာရုံတွင် ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းဆရာမများက (ဒုတိယအကြိမ်)အဖြစ် အသက်(၁၁)နှစ်နှင့် (၁၂)နှစ်အကြား အမျိုးသမီးငယ်များအား သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။
သီပေါမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းဆောင်ရွက်
Sep 20,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများနှင့် မြို့ပေါ်ရပ်ကွက်များသို့ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၉)နာရီခွဲအချိန်က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲအိုမီခရွန်မျိုးစိတ်သစ်BA.4 နှင့် BA.5 ရောဂါကာကွယ်ရေးနည်းလမ်းများ ကရင်၊ မြန်မာနှစ်ဘာသာဖြင့် နှိုးဆော်ဆောင်ရွက်
Sep 20,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်မျိုးစိတ်သစ် BA.4နှင့်BA.5 ရောဂါကြိုတင်ကာကွယ် ရေး အသိပညာပေးနှိုးဆော်မှုများကို ဒေသနေပြည်သူများ သိရှိစေရန်အတွက် စကောကရင်ဘာသာနှင့် မြန်မာဘာသာဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်(၉)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။