သတင်းများ

အောင်မြေသာစံမြို့နယ်တွင် စဉ်ဆက်ပညာရေးလုပ်ငန်း တိုင်းအဆင့်နည်းပြသင်တန်းဖွင့်လှစ်
Jan 27,2025
ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် စဉ်ဆက်ပညာရေးလုပ်ငန်း တိုင်းအဆင့်နည်းပြသင်တန်းဖွင့်ပွဲအခမ်း အနားကို မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေအနောက်ရပ်ကွက်ရှိ အမှတ်(၈)အခြေခံပညာ အထက်တန်းကျောင်းရှိ အေးသီတာခန်းမတွင် ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ငပုတောမြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများကျင်းပ
Jan 27,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများကို (အ.ထ.က-ငပုတော) ကျောင်း၌ ယမန်‌နေ့ နံနက်(၁၀) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ် ဆူးရစ်တန်းကျေးရွာရှိ ဆိုလာစွမ်းအင်အသုံးပြု၍ ရေထောက်ပံ့ရေးစီမံကိန်းမြေအောက်ရေ(အဝီစိတွင်း) တူးဖော်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Jan 27,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ဆူးရစ်တန်းကျေးရွာရှိ ဒေသခံပြည်သူများ သောက်သုံးရေအဆင်ပြေစေရေး ဆိုလာစွမ်းအင်အသုံးပြု ရေထောက်ပံ့ရေးစီးမံကိန်းမြေအောက်ရေ(အဝီစိတွင်း) တူးဖော်ခြင်းလုပ်ငန်းရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သိရသည်။
သာပေါင်းမြို့နယ်တွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ်သုံးစွဲမှုမရှိစေရေးနှင့် အစားထိုး သုံးစွဲလိုက်နာဆောင်ရွက်မှုရှိစေရေး အသိပညာပေး စိစစ်ကြပ်မတ်စစ်ဆေး
Jan 27,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့မှ ပြည်သူများ ကြွပ်ကြွပ်အိတ်၊ တစ်ခါသုံးပလတ်စတစ်အိတ်များ လျော့နည်းသုံးစွဲစေရေးအတွက် အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ်သုံးစွဲမှုမရှိစေရေးနှင့် အစားထိုးသုံးစွဲ လိုက်နာဆောင်ရွက်မှုရှိစေရေး အသိပညာပေး ကြပ်မတ်စစ်ဆေးခြင်းတို့ကို ယမန်နေ့နံနက် ၇ နာရီအချိန်မှ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် သီရိရွှေသာဈေးအတွင်း၊ အပြင်တွင် ဆောင်ရွက်ကြကြောင်း သိရသည်။
လက်ပံတန်း၌ သီးနှံများ အဓိကပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲ ကျင်းပ
Jan 27,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင် မြို့နယ်အတွင်းသီးနှံများ အဓိကပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ရေး စံပြကွက်များ အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေး နည်းပညာဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီက ဂွေးတောက်ကွင်းကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ဆီထွက်သီးနှံစိုက်ပျိုးသည့် သမဝါယမအသင်းသား တောင်သူ (၇၅) ဦးအား နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများ ထုတ်ချေးပေး
Jan 27,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၁၀) နာရီက ဒေသတွင်း စားသုံးဆီဖူလုံစေရန်နှင့် တောင်သူတစ်ဦးချင်း ဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ ဆောင်းဆီထွက်သီးနှံစိုက်ပျိုးသည့် အခြေခံသမဝါယမအသင်းသားတောင်သူ (၇၅) ဦးအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ ထုတ်ချေးပေးခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်၌ ဟင်းသီးဟင်းရွက်သီးနှံစုံ လျာထားချက်ထက် ပိုမိုစိုက်ပျိုးပြီး အောင်မြင်ဖြစ်ထွန်း
Jan 27,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြိုနယ်တွင် ယခုနှစ်ဆောင်းသီးနှံ စိုက်ပျိုးရာသီ၌ ဟင်းသီးဟင်းရွက်သီးနှံစုံ လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ချမ်းအေးသာစံမြို့နယ်၊ မဟာဝိဇိတာရုံ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော်ကြီးအား သွားရောက်ဖူးမြော် ကျန်းမာရေးအခြေအနေတိုးတက်ကောင်းမွန်နေမှုအားကြည့်ရှု
Jan 27,2025
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ မဟာဝိဇိတာရုံ ပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ဘဒ္ဒန္တဝိစာရိန္ဒာ ဘိဝံသသက်တော် ၉၇ နှစ်၊ ဝါတော် ၇၇ ဝါရှိ သက်တော်ရှည်ဆရာတော်ကြီးသည် ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုခံယူပြီး ကျန်းမာရေးအခြေအနေကောင်းမွန်၍ မဟာဝိဇိတာရုံ ပရိယတ္တိစာသင်တိုက်ကြီးရှိ မူလသိမ်ကျောင်းတော်ကြီး၌ ပြန်လည် သီတင်းသုံးတော်မူလျက်ရှိသည်။