သတင်းများ

သံတောင်ကြီးမြို့နယ်တွင်(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲဆောင်ရွက်
Feb 10,2025
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  သံတောင်ကြီးမြို့နယ်တွင် ကျောင်းသူ၊ ကျောင်းသားများ ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြုလုပ်ရခြင်းများသိရှိစေရန်နှင့် အသိပညာဗဟုသုတရရှိစေရန်အတွက် ယနေ့နံနက် (၉)နာရီအချိန်က (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ဟောပြောပွဲကို အခြေခံပညာအထက်တန်းကျောင်းတွင်  ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပူတာအိုမြို့၌ ကျောင်းသားလူငယ်များအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံစေရန်အတွက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ
Feb 10,2025
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်း ကျောင်း(ပူတာအို)တို့ပူးပေါင်းမှုဖြင့် ကျောင်းသားလူငယ်များအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်၊ လူအများရှေ့တွင် ရဲဝံ့စွာပြောဆိုတတ်စေရန်နှင့် ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထများ ရရှိစေရန်အတွက် လူငယ်စကားဝိုင်းဆွေးနွေးခြင်းကို ဖေဖော်ဝါရီ(၈)ရက်နံနက်(၁၀) နာရီက နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(ပူတာအို)ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ချမ်းအေးသာစံမြို့နယ်တွင် မြေပြင်လူဦးရေစာရင်း ကွင်းဆင်းစိစစ်မှုများ ဆောင်ရွက်
Feb 10,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ မြို့နယ်မြေပြင်လူဦးရေစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီက မြို့နယ်အတွင်းရှိ လူဦးရေစာရင်း မှန်ကန်စေရေး၊ မြေပြင်ကွင်းဆင်း စာရင်းစိစစ်မှုများကို ဆောက်ရွက်လျက်ရှိရာ ယနေ့နက်ပိုင်းက ချမ်းအေးသာစံအနောက်ရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ဘုတ်ပြင်းမြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်းဘောလုံး( ဂိုးလတ်)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Feb 10,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံး(ဂိုးလတ်)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေက မြို့မအားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Feb 10,2025
(၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ဧရာဝတီဂေါက်ကလပ် (ပုသိမ်)တွင် ကျင်းပခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ် သာလွန်စံပြကျေးရွာအတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီး
Feb 10,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် VDP စီမံကိန်းဖြင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အနီးကပ်ကြီးကြပ်မှုဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ သာလွန်စံပြကျေးရွာအတွင်းရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ပျော်ဘွယ်မြို့နယ် Community Centre ခန်းမတွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Feb 10,2025
(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပျော်ဘွယ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလေးများ အသိဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲ စာစီစာကုံးပြိုင်ပွဲကျင်းပခြင်းကို ယနေ့ နံနက် (၉) နာရီခွဲက ပျော်ဘွယ်မြို့နယ်ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Community Centre ခန်းမတွင် ကျင်းပသည်။
ကလောမြို့နယ်၌ (၂၅)ကြိမ်မြောက် မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ ကျင်းပ
Feb 10,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် (၂၅)ကြိမ်မြောက် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီက ကလောမြို့ မြို့လယ်ဓမ္မရုံ၌ ကျင်းပရာ ကလောခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒေသခံပြည်သူအလှူရှင်များ တက်ရောက်ခဲ့သည်။