ငပုတောမြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများကျင်းပ

ငပုတော ဇန်နဝါရီ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများကို (အ.ထ.က-ငပုတော) ကျောင်း၌ ယမန်‌နေ့ နံနက်(၁၀) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ငပုတောမြို့(အ.ထ.က)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး‌ ဒေါ်သင်းသင်းနိုင်က ကျောင်းသား/ကျောင်းသူများအား ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ၊ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ၊ သမိုင်းကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်၊ ပြည်ထောင်စုနေ့နှင့်ပတ်သက်သည့် အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီး ပြိုင်ပွဲအမှတ်ပေး စည်းမျဉ်းစည်းကမ်းများကိုလည်း ဆက်လက်ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများကို (အ.ထ.က-ငပုတော) ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းနိုင်နှင့် ဆရာ/ဆရာမများက အနီးကပ်ကြီးကြပ်၍ စာစီစာကုံးပြိုင်ပွဲတွင် “သွေးချင်းချစ်ကြည်မြန်မာပြည်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပန်းချီပြိုင်ပွဲတွင် “စည်းလုံးခြင်း သည်အင်အား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် “စည်းလုံးညီညွတ်၍ အောင်မြင်သော နိုင်ငံသစ်ဆီသို့”ခေါင်းစဉ်များဖြင့် မြို့နယ်အတွင်းရှိ စာသင်ကျောင်းများမှ အထက်တန်းအဆင့်(၂)ဦး၊ အလယ်တန်းအဆင့်(၁၆)ဦး၊ မူလတန်းအဆင့် (၂၀)ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၃၈)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းနှင့် ဆုရရှိသူများအား ဖေဖေါ်ဝါရီလ(၁၂)ရက်၊ ပြည်ထောင်စုနေ့ အခမ်းအနားတွင် ဆုများဂုဏ်ပြုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)