တနင်္သာရီမြို့၏ သမိုင်းဝင်ပြည်လုံးချမ်းသာဝင်္ကဘာတောင် မဟာသန္တိသုခကျောင်းတိုက်၌ မွေးနေ့အထူးတရားပွဲကျင်းပ
Jan 27,2025
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့၏ကျက်သရေဆောင် သမိုင်းဝင် ပြည်လုံးချမ်းသာဝင်္ကဘာတောင် မဟာသန္တိသုခဝင်္ကဘာကျောင်းတိုက် ဆရာတော်အရှင်ဥက္ကံသ၏ နှစ်ပတ်လည်အလှူနှင့် လက်ရှိ ဦးစီးပဓာနဆရာတော် အရှင်အာန္န၏ နှစ်(၄၀)ပြည့် ဝိဇာတမွေးနေ့အထိမ်းအမှတ် အထူး တရားပွဲမင်္ဂလာ အခမ်းအနားကို ၁၃၈၆ခုနှစ်၊ ပြာသိုလဆုတ်(၁၃)ရက် ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်မှ ၁၁ နာရီအထိ ဝင်္ကဘာတောင် ရန်အောင်မြင်စေတီအထက်ပစ္စယံရှိ ပြည်လုံးချမ်းသာ ဓမ္မာရုံအတွင်း ကျင်းပပြုလုပ်ခဲ့သည်။