မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ချမ်းအေးသာစံမြို့နယ်၊ မဟာဝိဇိတာရုံ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော်ကြီးအား သွားရောက်ဖူးမြော် ကျန်းမာရေးအခြေအနေတိုးတက်ကောင်းမွန်နေမှုအားကြည့်ရှု

ချမ်းအေးသာစံ ဇန်နဝါရီ ၂

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ မဟာဝိဇိတာရုံ ပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ဘဒ္ဒန္တဝိစာရိန္ဒာ ဘိဝံသသက်တော် ၉၇ နှစ်၊ ဝါတော် ၇၇ ဝါရှိ သက်တော်ရှည်ဆရာတော်ကြီးသည် ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုခံယူပြီး ကျန်းမာရေးအခြေအနေကောင်းမွန်၍ မဟာဝိဇိတာရုံ ပရိယတ္တိစာသင်တိုက်ကြီးရှိ မူလသိမ်ကျောင်းတော်ကြီး၌ ပြန်လည် သီတင်းသုံးတော်မူလျက်ရှိသည်။

ဇန်နဝါရီလ(၂၆)ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများ လိုက်ပါပြီး မဟာဝိဇိတာရုံပရိယတ္တိ စာသင်တိုက်ရှိ မူလသိမ်ကျောင်းတော်ကြီးသို့ သွားရောက်ကာသက်တော်ရှည်ဆရာတော်ကြီး ကျန်းမာရေးအခြေအနေတိုးတက် ကောင်းမွန်စွာဖြင့် သီတင်းသုံးတော်မူနေမှုကို ကြည့်ရှုဖူးမြော်ပြီး လှူဖွယ်ပစ္စည်းများဆက်ကပ်၍ တာဝန်ရှိသူများအားလိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း၊ သက်တော်ရှည်ဆရာတော်ကြီး၏ ဝိဇာယန မွေးနေ့မင်္ဂလာအခမ်းအနားကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ချမ်းအေးသာစံမြို့နယ်ရှိ မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက်၊ သာသနဟိတကာရီဓမ္မဗိမာန်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သရသည်။

ထွန်းထွန်းနိုင်