ကံမမြို့၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး ကြွပ်ကြွပ်အိတ်အစားထိုး အင်ဖက်များ အခမဲ့ ဖြန့်ဝေ
Jan 27,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ် ကြွပ်ကြွပ်အိတ် လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာ မြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများ ပလတ်စတစ်ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးခြင်းနှင့် ကြွပ်ကြွပ်အိတ်အစားထိုး အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်(၇)နာရီက အဆိုပါဈေးအတွင်း ဆောင်ရွက်ခဲ့ကြသည်။