လက်ပံတန်း ဇန်နဝါရီ ၂၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင် မြို့နယ်အတွင်းသီးနှံများ အဓိကပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ရေး စံပြကွက်များ အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေး နည်းပညာဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီက ဂွေးတောက်ကွင်းကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးဉာဏ်မြင့်နှင့် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဝင်များက ဆီထွက်သီးနှံများ၊ ရာသီချိန်မီစိုက်ပျိုး ဖြစ်ထွန်းနိုင်ရေး၊ အဓိကသီးနှံများပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ထွက်ရှိရေး၊ သီးနှံအလိုက်နှင့် နွေစပါး ဧက ၂၀၀ စံပြကွက်များတွင် စိုက်ပျိုးမည့်တောင်သူများကို မြေအသုံးချရေးဆိုင်ရာ၊ ပန်းတိုင်အထွက်နှုန်း ထွက်ရှိရေးနှင့် နှမ်းဘောင်ကြီးတင် နည်းစနစ် စိုက်ပျိုးနည်းများကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ဒေသခံတောင်သူ ၄၅ ဦး တက်ရောက်ခဲ့ပြီး သိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)