ကရသူရိမြို့တွင် ပန်းပင်စိုက်ပျိုးရောင်းချ၍ မိသားစုစားဝတ်နေရေး အဆင်ပြေ

ကရသူရိ စက်တင်ဘာ ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့တွင်  ပန်းပင်စိုက်ပျိုးရောင်းချမှုဖြင့် မိသားစုစားဝတ်နေရေး ဖူလုံလျက်ရှိကြောင်းသိရသည်။

 “ပန်းပင်ကတော့ စုံစုံလင်လင်မစိုက်ရသေးပါဘူး။ အိမ်သုံးအဖြစ်စိုက်ပျိုးထားတာကနေ လူသုံး များလာလို့ မျိုးပွားစိုက်ပျိုးဖြစ်တာ။ ဒီပန်းကို အဓိကတော့ ဘုရားပန်းအိုးထိုးတာအဖြစ် ဒေသခံအများစုကသုံးကြတယ်။ သူကအစိမ်းရောင်နှင့်အနီရောင် နှစ်မျိုးရှိတယ်။ နှစ်မျိုးလုံးကို ဘုရားပန်း အဖြစ်အသုံးပြုကြတယ်ဗျ။ ဒီဘက်ဒေသတွေမှာက လိုချင်တဲ့ပန်းမျိုးစုံကို မရရှိတော့ သူတို့နှစ်မျိုး ကို အသုံးများတာဖြစ်ပါတယ်။ ဒေသခံအခေါ်အဝေါ်ကတော့ ဇော်စိမ်းနှင့် ရွက်လှနီဟု ခေါ်ဝေါ်ကြပြီး ပန်းအိုးတစ်အိုးစာကို ၁၀၀၀ ကျပ်ရရှိကာ နေ့စဉ် ၇၀၀၀ကျပ်ဝန်းကျင်ခန့် ရောင်းရတယ်”ဟု ပန်းစိုက်ပျိုးထားသူတစ်ဦးကပြောကြားသည်။

ကရသူရိ(ပြန်/ဆက်)