သာပေါင်း စက်တင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ငှက်ပျောတောကျေးရွာအုပ်စု၊ ကုလားဝဲကျေးရွာ၊ သစ္စာမဏ္ဍိုင် ဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပုသိမ်ခရိုင် စိုက်တိုးမြင့် ကော်မတီ အဖွဲ့နှင့် ကျေးရွာအုပ်စု(၇)စုမှ ဒေသခံတောင်သူများ တွေ့ဆုံခဲ့ကြသည်။
ထိုသို့တွေ့ဆုံပွဲတွင် ပုသိမ်ခရိုင် စိုက်တိုးမြင့်ကော်မတီဥက္ကဋ္ဌ ဦးလင်းကိုကို၊ အဖွဲ့ဝင် ဦးနေဝင်း (ခရိုင်လယ် စီအင်း)၊ အဖွဲ့ဝင် ဦးဝင်းစိုး(ခရိုင်စိုက်ပျိုးရေး)၊ မြို့နယ်စိုက်တိုးမြင့်ကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲဝင် များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးကျော်တိုးတို့မှ ကျေးရွာအုပ်စု(၇)အုပ်စုမှ ကျေးရွာအုပ်ချုပ်ရေးမှူး များ၊ တောင်သူ(၁၀၆)ဦးတို့နှင့် တွေ့ဆုံ၍ နေကြာတိုးချဲ့ စိုက်ပျိုးနိုင်ရေးအတွက် တောင်သူများနေထိုင်ရာ ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း