မြစ်သား စက်တင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ mobile library စနစ်ဖြင့်စာအုပ် စာစောင်များအခမဲ့ကွင်းဆင်းငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးရှိ ဝန်ထမ်းများဖြစ်သည့် စာဖတ်ပရိသတ်လက်ဝယ် အရောက် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ လာရောက်ငှားရမ်းရန်အခက်အခဲရှိနေသည့် စာဖက်ပရိသတ်များအတွက်စာ ပေဖတ်ရှုမှုအဆင်ပြေစေရန်၊ အသိပညာဗဟုသုတများတိုးပွားစေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရန်နှင့် စာဖတ်ရှိန်မြင့်တင်ရေးရည်ရွယ်ကာ သုတ/ရသစာအုပ်များကို မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့ရုံးရှိ ဝန်ထမ်းများအား အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် mobile library စနစ်ဖြင့်စာအုပ်စာစောင်များအခမဲ့ ကွင်းဆင်းငှားရမ်းပေးခြင်းကို မြစ်သားမြို့နယ်ရှိအခြားဌာနဆိုင်ရာများသို့လည်းအပတ်စဉ်ကွင်းဆင်းငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
သီတာအောင်(မြစ်သား)