ငပုတောမြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွား(၁၇၉၂)ဦးအတွက် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် လိုက်လံပေးအပ်

ငပုတောစက်တင်ဘာ ၂၃

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား(၁၇၉၂)ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို  အိမ်တိုင်ရာရောက် လိုက်လံပေး အပ်လျက်ရှိကြောင်း သိရသည်။

ငပုတောမြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွား စုစုပေါင်း(၁၇၉၂)ဦးရှိပြီး ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ် (ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ) လများအတွက် သက်ကြီးဘိုးဘွား တစ်ဦးလျှင် ငွေ (၃၀၀၀၀)ကျပ် နှုန်းဖြင့်  စုစုပေါင်း ငွေကျပ်(၅၃၇)သိန်း (၆)သောင်းအား လိုက်လံပေးအပ်လျက်ရှိကြောင်း၊ ထောက်ပံ့ငွေရရှိသည့် ဘိုးဘွားနှင့်တကွ မိသားစုများကလည်း ဝမ်းမြောက်လျက်ရှိကြကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးခြင်းကို ငပုတောမြို့နယ်အတွင်းရှိ ရပ်ကွက် (၉)ခုနှင့် ကျေးရွာအုပ်စု (၈၃)အုပ်စုတို့တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ က အမျိုးသမီး‌ရေးရာအသင်းနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ အိမ်တိုင်ရာရောက် လိုက်လံပေး အပ်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)