မိုင်းရှူးမြို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခြောက်လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များအား ထပ်ဆင့်ရှင်းလင်းပွဲကျင်းပ

မိုင်းရှူး စက်တင်ဘာ ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် မိုင်းရှူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့  နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်လွင်က ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခြောက်လပတ်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်များအား ထပ်ဆင့်ရှင်းလင်း ပြောကြားခဲ့သည်။ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကို ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာအကြီးအကဲ (၃၄)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)