သတင်းများ

ဒေါဖျာကျေးရွာ အထကခွဲကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းနှင့် အားကစားပစ္စည်းပေးအပ်လှူဒါန်း
Sep 23,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိ ပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁ နာရီအချိန်က ဒေါဖျာကျေးရွာအထကခွဲကျောင်းဝင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဟင်္သာတမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Sep 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်းသည် မဖြစ်မနေ လုပ်ဆောင်ရမည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများနှင့် အပိုထပ်ဆောင်းဆေးများကို ယမန်နေ့ နံနက် ၉ နာရီက ဟင်္သာတမြို့ တာကလေးရပ် နတ်မော်လမ်း ပြည်လုံးချမ်းသာခန်းမတွင် ပုံမှန်ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် Library Management System Software အသုံးပြုနည်းဆင့်ပွားသင်တန်းဖွင့်လှစ်
Sep 23,2022
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် Library Management System Software အသုံးပြုနည်းဆင့်ပွားသင်တန်းကို ယနေ့နံနက် (၁၀)နာရီအချိန်က စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
လဲချားမြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီး လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်
Sep 23,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင်၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒုတိယအကြိမ် အသက်(၈၅)နှစ်အထက် သက်ကြီးလူမှုရေးပင်စင် ငွေကြေးထောက်ပံ့ပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင် ထောက်ပံ့ပေးခဲ့ပါသည်။
အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်အတွင်းရှိ အဆောင်များတွင် ကလိုရင်းပိုးသတ်ဆေးဖျန်းခြင်းဆောင်ရွက်
Sep 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၆)ရပ်ကွက်ရှိ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်အတွင်းရှိ အဆောင်များတွင်  ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေး ကလိုရင်းပိုးသတ်ဆေးဖျန်းခြင်းကို ယမန်နေ့ညနေ ၃ နာရီတွင် ဆောင်ရွက်ကြောင်း သတင်းရရှိသည်။
ဘားအံမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အားကစားဆိုင်ရာများ အသိပညာပေး ဟောပြောပွဲ ပြုလုပ်
Sep 23,2022
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍  စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အားကစားဆိုင်ရာများ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀နာရီအချိန်ခန့်က ဘားအံမြို့နယ်ရှိ အမှတ်(၁၀) အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် အမှတ်(၇)အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲဝင်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေး
Sep 23,2022
ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲဝင်များအား ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးတို့အတွက် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးပေးခြင်းကို ယမန်နေ့က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ  အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်တွင် စစ်ဆေးပေးကြောင်း သတင်းရရှိသည်။
အ.ထ.က မိုင်းနောင်ကျောင်းတွင် KG တန်းကလေးငယ်များ စျေးရောင်းခြင်းသင်ခန်းစာ လက်တွေ့ဆောင်ရွက်
Sep 23,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်း တွင် KG တန်း သားငယ်၊ သမီးငယ်များအား စျေးရောင်းခြင်းသင်ခန်းစာကို လက်တွေ့ဆောင်ရွက်ပြသခြင်းကို ယမန် နေ့ နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။