ထားဝယ်မြို့တွင် စားသုံးဆီများကို အများပြည်သူများ ဈေးနှုန်းသက်သက်သာသာဖြင့် ဝယ်ယူနိုင်ရန်ရောင်းချပေး

ထားဝယ် စက်တင်ဘာ ၂၃

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ဦးဆောင်ကြီးကြပ်မှုဖြင့် စားသုံးဆီများကို ပြည်သူများသက်သာချောင်ချိသောဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရေး ဈေးကားများဖြင့် ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့နယ်၊ အာဇာနည်လမ်း၊ စည်ပင်သာယာဈေးကြီးအရှေ့တွင် စားသုံးဆီများကို အများ ပြည်သူများ ဈေးနှုန်းသက်သက်သာသာဖြင့် ဝယ်ယူနိုင်ရန် ရောင်းချပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် စားသုံးဆီဈေးနှုန်း တည်ငြိမ်စေရေးအတွက် စားအုန်းဆီတစ်ပိဿာလျှင် ၅၆၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်းနှင့် ဈေးကွက် အတွင်း စားသုံးဆီများ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေးနှင့် စားသုံးသူများ သင့်တင့်မျှတသည့်ဈေးနှုန်းဖြင့် ဝယ်ယူရရှိစေရေးတို့အတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိကာလအတွင်း နိုင်ငံခြားငွေလဲနှုန်းမြင့်တက်မှုအပေါ် စားသုံးဆီဈေးနှုန်းများ အဆမတန်မြင့်တက်မှုမရှိစေရေးအတွက် ထားဝယ်ခရိုင် စားအုန်းဆီ လက်လီဈေးကားဖြင့် လှည့်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရွှေပင်လယ်(ထားဝယ်)