အုတ်တွင်းမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းဆောင်ရွက်

အုတ်တွင်း  စက်တင်ဘာ  ၂၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းစနစ်တကျမောင်းနှင်နိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍ ရန်ကုန်-မန္တလေးလမ်း၊ အုတ်တွင်းမြို့အထွက် Toll Gate တွင် ယနေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီနှင့်အဖွဲ့၀င်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ၊ တာ၀န်ရှိသူများပူးပေါင်း၍ ယာဉ်အန္တရာယ်ကင်းဝေးစေရေး၊ ယာဉ်တိုက်မှု၊ လျော့နည်းကျဆင်း ပပျောက်စေရေးအတွက် မော်တော်ယာဉ်နှင့်မော်တော်ဆိုင်ကယ် မောင်းနှင်သူများအား ယာဉ်များမောင်းနှင်ရာတွင် ခါးပတ်ပတ်ပြီးမောင်းနှင်ရန် ၊ မော်တော်ဆိုင်ကယ်မောင်းနှင်ရာတွင်လည်း ဆိုင်ကယ်ဦးထုပ်ဆောင်း၍ မေးသိုင်းကြိုးတပ်ဆင်ပြီးမှ မောင်းနှင်ရန်၊ လူနှစ်ဦးထက်ပိုမစီးရန်၊ ဘက်မှန်တပ်ဆင်ကြရန်၊ ဆိုင်ကယ်လိုင်စင်များ ယူဆောင်လာရန်စသည့် လိုက်နာရမည့်စည်းကမ်းအချက်များ ရှောင်ရန်၊ ဆောင်ရန်အချက်များကို အသိပညာပေး  ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ခင်ခင်မာ (ပြန်/ဆက်)