မင်္ဂလာဒုံမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါမှ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်

မင်္ဂလာဒုံ စက်တင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ယနေ့နံနက်(၈)နာရီအချိန်က မင်္ဂလာဒုံမြိုနယ်၊ ၂/က ရပ်ကွက်အတွင်းရှိ ဓမ္မသုခအတွင်းလမ်း၊ အပြင်လမ်းတို့တွင် နေထိုင်လျက်ရှိသည့်အိမ်ခြေ(၉၀)ခန့်အား သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

အဆိုပါအဘိတ်ဆေးခတ်ခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး၊ ဆရာမဒေါ်ဝင်းဌေးခေါင်းဆောင်သော ကျန်းမာရေးဆရာမများနှင့် ၂/က ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ဦးလှိုင်မင်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များပါဝင်သောအဖွဲ့ဝင်များမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

မြတ်မွန်ခင်(မင်္ဂလာဒုံ)