မိုင်းငေါ့ ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ကလေးများ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရေး ပြိုင်ပွဲများပြုလုပ်ဆောင်ရွက်ပေး

မိုင်းငေါ့  စက်တင်ဘာ  ၂၃

ရှမ်းပြည်နယ်၊ (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်း‌ငေါ့မြို့ ပြည်သူ့စာကြည်တိုက်ရှိ ကလေးစာဖတ်ခန်းတွင် ကလေးများအား  ဉာဏ်ရည်မြင့်မားပြီး စာကြည့်တိုက်အား ပျော်ရွှင်စွာလာရောက်အသုံးချတတ်စေရေးအတွက် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲများ ပြုလုပ်ရာတွင် မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင်သွယ်နှင့် ဝန်ထမ်းများက မူလတန်းကျောင်းသား ကျောင်းသူ‌လေးများအားတို့အား ပုံပြင်ပြောခြင်း၊ စာဖတ်စွမ်းရည်ယှဉ်ပြိုင်ခြင်း၊ အရုပ်ဆက်ဂိမ်းများ ကစားခြင်းစသည် တို့ကိုပြုလုပ်ပေးရာ တပျော်တပါး စိတ်ပါဝင်စားစွာ ကစားခဲ့ကြပြီး  စာကြည့်တိုက်မှူး ဒေါ်မို့မို့က ရတနာပန်းခင်း ရုပ်စုံမဂ္ဂဇင်းမှ “ဘဝပျက်သွားသောသဌေးသား” စာအုပ်ဖြင့်  ပုံပြောခြင်းကိုလည်းပြုလုပ်ပေးခဲ့ပါသည်။

မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကလေးများအသိပညာတိုးပွားပြီး ဉာဏ်ရည်မြင့်မားရေးအတွက် ယခုကဲ့သို့ ပျော်ရွှင်ဖွယ်ရာအစီအစဉ်များ၊ အသိပညာပေးဟောပြောခြင်းများ၊ စာအုပ်စာစောင်ပြသခြင်းများ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများတို့ကို လစဉ်ပုံမှန် စဉ်ဆက်မပြတ် ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)