တံတားဦးမြို့နယ်၌ မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

တံတားဦး စက်တင်ဘာ ၂၃

တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် လူဦးရေစာရင်းတိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌရုံးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ကိုလင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတို့ ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ သို့မှသာ မြို့နယ်အတွင်းရှိ လူဦးရေစာရင်း ကိုက်ညီမှုရှိမည်ဖြစ်ပေါကြောင်း ဒါ့အပြင် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးတို့ကို အကျယ်တဝင့် ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ တက်ရောက်လာသူများမှ မိမိတို့ဆောင်ရွက်ထားရှိမှုများကို အသီးသီးဆွေးနွေးတင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌမှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

တံတားဦးမြို့နယ်အနေဖြင့် ၂၀၂၂-ခုနှစ်၊ စက်တင်ဘာလအထိ အသက်(၁၈)အထက်လူဦးရေ အမျိုးသား (၅၈၃၁၄)ဦး၊ အမျိုးသမီး (၆၇၇၄၀)ဦး၊ စုစုပေါင်း(၁၂၁၆၀၅၃)ဦးရှိပြီး မဲရုံပေါင်း(၂၀၄) တည်ဆောက် သွားမည်ဖြစ်ကြောင်း မြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှသိရသည်။

  ရဲတင့်