သတင်းများ

ထားဝယ်မြို့၌ (၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ
Sep 23,2022
အောက်တိုဘာ(၁)ရက်နေ့တွင်ကျရောက်သည့် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှကြီးကြပ်၍ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ရုံးများတွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့၊ပြည်သူ့ဆေးရုံကြီး၌လိုအပ်လျက်ရှိသော သွေးများကို စုပေါင်း သွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့၌ ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေး အသိပညာပေးခြင်းနှင့် ပါးစပ်နှင့်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ
Sep 23,2022
ပခုက္ကူမြို့နယ်တွင် ကိုဗစ်-၁၉ အိုမီခရွန်မျိုးဗီဇပြောင်း BA-4, BA-5 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းနှင့် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပခုက္ကူမြို့၊ လူသွားလူလာများပြားသည့် လမ်းဆုံနေရာတို့တွင် ဆောင်ရွက်ကြသည်။
နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မူကြိုအဆင့် ဂိမ်းကစားပြိုင်ပွဲ ပြုလုပ်ဆောင်ရွက်
Sep 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စတားကစ်မူလတန်းကြိုကျောင်းနှင့် ရတနာမူလတန်း ကြိုကျောင်းတို့ ပူးပေါင်း၍ မူကြိုအဆင့် ဂိမ်းကစားပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့နံနက်(၉)နာရီခွဲ အချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သာပေါင်းမြို့နယ်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို စစ်ကြောင်း(၅)ကြောင်းဖြင့် ဘုရားနီကျေးရွာ အရောက် ဆောင်ရွက်ပေး
Sep 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဘုရားနီကျေးရွာအုပ်စု၊ ဘုရားနီကျေးရွာ၊နန္ဒာရာမ ဘုန်းတော်ကြီးကျောင်းတိုက်တွင် ယနေ့ စက်တင်ဘာလ၂၃ ရက်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်း(၅)ကြောင်းဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတတ်ရေး လုပ်ငန်းများ ကျေးရွာအရောက် ဆောင်ရွက်ပေးလျက်ရှိကြသည်။
မုဒုံမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပြည်သူတို့၏ လိုအပ်ချက်များဖြည့်ဆည်းပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Sep 23,2022
မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်း ရပ်/ ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများ အောင်မြင်တိုးတက်စေရန် ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းငါးကြောင်း ပူးပေါင်းအဖွဲ့သည် မြို့မ(၂) ရပ်ကွက်နှင့် မြို့မ (၄)ရပ်ကွက်ရှိ ပြည်သူများနှင့် တွေ့ဆုံသည်။ 
ကျိုင်းတုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ
Sep 23,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက်(၂၁)အောက် (အမျိုးသား) ဖူဆယ် ဘောလုံးပြိုင်ပွဲကို နောင်ကုန်ကျေးရွာ Greenlight ဖူဆယ်ကွင်း၌ စက်တင်ဘာ ၂၂ ရက် က စတင်ကျင်းပသည်။
ညောင်တုန်းမြို့တွင် အခြေခံစားသောက်ကုန်များကို သက်သာသောစျေးနှုန်းဖြင့် ဆက်လက် ရောင်းချပေး
Sep 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ မြို့နယ်အတွင်းရှိ ပြည်သူများအတွက် အခြေခံ စားသောက်ကုန်များကို သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်‌ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများနှင့် စီးပွားရေး လုပ်ငန်းရှင်များ ပူးပေါင်းပြီး ယမန်နေ့နံနက် ၉ နာရီကအချိန်က မဲဇလီဒလကျေးရွာ၌ ရောင်းချပေးခဲ့သည်။
(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လားရှိုးမြို့၌ စုပေါင်းသွေးလှူဒါန်း
Sep 23,2022
(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်း (၈) နာရီအချိန်က လားရှိုးပြည်သူ့ဆေးရုံကြီးနှင့် အမှတ်(၉) တပ်မတော်ဆေးရုံ(ခုတင်-၁၀၀) ရှိ သွေးလှူဌာနများတွင် ပြုလုပ်ခဲ့သည်။