ဘိုကလေးမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းမှ ဆန်(၁)ပြည်လျှင် (၁၅၀၀)ကျပ်နှုန်းဖြင့် ဆက်လက်ရောင်းချ

ဘိုကလေး စက်တင်ဘာ ၂၃

နွမ်းပါးပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် ဆန်ရိက္ခာ ဝယ်ယူစားသုံးနိုင်ရန်နှင့် စားဝတ်နေရေး ချောင်ချိသက်သာ စေရေးကို ရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေး မြို့နယ် ဆန်စက်လုပ်ငန်းရှင်များ အသင်းမှ သတ်မှတ်ရက်များအလိုက် ဘိုကလေးမြို့ပေါ်ရှိ အမှတ်(၆၊ ၇၊ ၈၊ ၉၊ ၁၀)ရပ်ကွက်များ၊ မြို့နှင့် ထိစပ်လျက်ရှိသည့် သာပေါင်းကျေးရွာ၊ ဘုရားချောင်းကျေးရွာတို့အား ဇီယျာဆန်(၁)ပြည်လျှင် (၁၅၀၀) ကျပ်နှုန်းဖြင့် အိမ်ထောင်စု တစ်စုလျှင် ဆန်(၂)ပြည်နှုန်း ရောင်းချပေး လျက်ရှိရာ ယနေ့ နံနက်(၁၀)နာရီ၌ အမှတ်(၆) ရပ်ကွက်အတွင်းတွင် ဆန်(၁၁၀၀)ပြည်အား သွားရောက် ရောင်းချပေးခဲ့သည်။

အဆိုပါ ဆန်လှည့်လည် ရောင်းချနေမှုအား ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးဇေယျာထွန်းနှင့် အဖွဲ့မှ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် မြို့နယ်ဆန်စက် လုပ်ငန်းရှင်များအသင်း အနေဖြင့် ၎င်းဆန်ရောင်းချ မှုအား ဩဂုတ်(၂၃)ရက်နေ့မှ စတင်ရောင်းချခဲ့ခြင်းဖြစ်ပြီး စတင် ရောင်းချချိန်မှ စ၍ ယနေ့အထိ ဆန်အပြည်ရေ (၁၈၅၈၈)ပြည် ရောင်းချနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)