ညောင်လေးပင်မြို့နယ်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ လူရွေးပွဲကျင်းပ

ညောင်လေးပင် စက်တင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်ဖလးပင်မြို့နယ်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ()ခရိုင် အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ လူရွေးပွဲအား ယနေ့နံနက် ()နာရီအချိန် က မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရွေးချယ်ပွဲသို့ ညောင်လေးပင်၊ ဒိုက်ဦး၊ ကျောက်တံခါး၊ ရွှေကျင်၊ ကျောက်ကြီးမြို့နယ်များမှ အားကစားသမားများနှင့် ရွေးချယ်ရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး  ကစားသမား (၃၂)ဦး ဝင်ရောက်အရွေးချယ်ခံခဲ့သည်။ ရွေးချယ်ခံရသော ကစားသမားများအား တစ်ပတ်တိတိ စခန်းသွင်းလေ့ကျင့်ပေးမည်ဖြစ်ပြီး (-၁၀-၂၀၂၂)ရက်နေ့တွင် ညောင်လေးပင်ခရိုင်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ခရိုင်တာဝန်ခံအဖြစ် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းအောင်မှ တာဝန်ယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)