လယ်ဝေးမြို့နယ်အတွင်း လမ်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

လယ်ဝေး စက်တင်ဘာ ၂၃

နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် လယ်ဝေးမြို့နယ်အတွင်း လမ်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆောင်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးမင်းကျော်သူ၊  မြို့နယ်စည်ပင်သာယာရေး အုပ်ချုပ်ရေးမှူးရုံးမှ လက်ထောက်အင်ဂျင်နီယာ ဒေါ်အေးမြင့်ခိုင်၊ မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဖြိုးဝေလင်း၊ မြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မီမီဝင်းမောင်၊ ACEG QA/QC ကုမ္ပဏီနှင့် GAC QA/QC ကုမ္ပ ဏီတို့မှ အင်ဂျင်နီယာများပါဝင်သည့် အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းကစတင်၍  လမ်းလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး ခဲ့သည်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တင်ဒါခေါ်ယူပြီး SNCK Co.,Ltd မှ တာဝန်ယူဆောင်ရွက်နေသည့် Lot-3 ကန်သာ-အောက်ချိုင်း ကျေးရွာချင်းဆက်လမ်း ကျောက်ချောလမ်းခင်းခြင်း၊ (0.853 km x 4.27m x 0.15m)၊ Box Culvert (၁)စင်း၊ (0.852km x 4.27m x 0.15m) တည်ဆောက်ခြင်းလုပ်ငန်းနှင့်  Aromatic Lotus Co.,Ltd မှ တာဝန်ယူဆောင်ရွက်နေသည့် Lot-7 ရေကာ-ဇီးဖြူတန်းကျေးရွာချင်းဆက်လမ်း ကျောက်ချောလမ်းခင်းခြင်း၊ (2.011 km x 4.27m x 150 mm) ဆောက်ရွက်ခြင်းလုပ်ငန်းနှင့်   ဇွဲဝေသစ်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေသည့် ဗောဓိကုန်း-ခရမ်းကိုင်းကျေးရွာချင်းဆက်လမ်း ကတ္တရာလမ်းဖောက်လုပ်ခြင်း (0.921 km x 3.66m x 0.381m) ဆောင်ရွက်ခြင်းလုပ်ငန်းများ၏ (၁၀၀%)ပြီးစီးမှုအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်းနှင့် လုပ်ငန်းလိုအပ်ချက်များအား ပြန်လည်ပြင်ဆင်ဆောင်ရွက်ပေးရန် မှာကြားခဲ့ကြောင်း  သိရသည်။

မြို့နယ်(ပြန်/ဆက်)