မြန်အောင် စက်တင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ ရပ်ကွက်/ကျေးရွာများရှိ အခြေခံအိမ်ထောင်စုဝင်များ စားသောက်ရေး အထောက်အကူဖြစ်စေရန်အတွက် အခြေခံစားသောက်ကုန် ဆန်၊ ဆီနှင့် ကြက်ဥများကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့ နံနက်က မြန်အောင်မြို့နယ် ရှားတောကျေးရွာအုပ်စု ရှားတောအမှတ်(၅)ရပ်ကွက်၌ ဆန်၊ ဆီနှင့်ကြက်ဥများကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရ သည်။
ပခန်းဆန်တစ်ပြည် (၁၅၀၀)ကျပ်၊ ကြက်ဥ(၆)လုံး (၁၀၀၀)ကျပ်၊ ဆီ ငါးဆယ်ကျပ်သား တစ်ဘူး ၃၀၀၀ ကျပ်ဖြင့် စုစုပေါင်း ဆန်(၁၀)အိတ်၊ ဆီ(၅၀)ပိသာ၊ ကြက်ဥ(၁၀၀၀)လုံးတို့ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ် မြန်အောင် (ပြန်/ဆက်)