မူဆယ် စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ Community Centre ခန်းမ၌ ယနေ့နေ့လည် ၂ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုံးဝန်ထမ်းများနှင့် စာဖတ်ဝိုင်း၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသန်းဇော်ဦးနှင့် ရုံးဝန်ထမ်းများက စာရေးဆရာမ ဒေါက်တာမတင်ဝင်း၏ “အလုပ်ဆိုတာအင်အားပါ” စာအုပ်မှ အကြောင်းအရာများအား ဆွေးနွေးဖတ်ကြားခဲ့ပြီး စာအုပ်စာစောင်ပြပွဲတွင်လည်း သုတ၊ ရသ စုံလင်သော စာအုပ်စာစောင်များအား ခင်းကျင်းပြသခဲ့ရာ တက်ရောက်လာသော စာဖတ်ပရိတ်သတ် များကလည်း စိတ်ဝင်တစား ဖတ်ရှုလေ့လာခဲ့ကြသည်။ ယင်းနောက် နံရံကပ်ပြပွဲတွင်လည်း ကိုဗစ်-၁၉ ရောဂါနှင့်သက်ဆိုင်သော ဆောင်ရန်၊ ရှောင်ရန်များ၊ သွေးလွန်တုပ်ကွေးရောဂါ အသိပညာပေးခြင်းများကို ပြသဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ဇင်မောင်(မူဆယ်)