ရန်ကင်း စက်တင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် အမှတ်(၁၅)ရပ်ကွက်၊ မိုးကောင်းလမ်းတွင် မြို့နယ်အဆင့်ပူးပေါင်းအဖွဲ့များဖြင့် မော်တော်ယာဉ်များ မီးဘေးလုံခြုံရေးအတွက် မီးသတ်ဆေးဘူးများ ဆောင်ထားခြင်း ရှိ၊မရှိ စစ်ဆေးအကြံပေးခြင်းကို ယမန်နေ့နံနက် ၁၀:၀၀ နာရီအချိန် က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သို့ဖြစ်ရာ အပူလွန်ကဲခြင်းကြောင့် ဝိုင်ယာရှော့ဖြစ်ပါက မီးသတ်ဆေးဘူးများ ဆောင်ထားခြင်းဖြင့် အန္တရာယ် ကင်းရှင်းစွာ မောင်းနှင်နိုင်ရေး၊ မီးဘေးလုံခြုံရေး၊ မော်တော်ယာဉ်နှင့် ယာဉ်စီးနင်းသူများ အန္တရာယ်ကင်းရှင်းရေးတို့အတွက် စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ထို့နောက် စစ်ဆေးအကြံပေးခြင်းများဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သန္ဓေတပ်ဖွဲ့ဝင် (၄)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၄)ဦးနှင့် မြို့နယ်အဆင့် ပူးပေါင်းအဖွဲ့များဖြင့် ယာဉ်များမီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အိရွှေစင်(ပြန်/ဆက်)