နောင်ချို စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စတားကစ်မူလတန်းကြိုကျောင်းနှင့် ရတနာမူလတန်းကြိုကျောင်းတို့ ပူးပေါင်း၍ မူကြိုအဆင့် ဂိမ်းကစားပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့နံနက်(၉)နာရီခွဲ အချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက ဂိမ်းကစားပြိုင်ပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် စတားကစ်မူလတန်းကြိုကျောင်းနှင့် ရတနာမူလတန်းကြိုကျောင်းမှ သားငယ်၊ သမီးငယ်လေးများက ဘောလုံးကောက်၊ ပူပေါင်းမှုတ်၊ ကြက်ဥအခွံခွာ စသည့်ကစားနည်းများနှင့် မှတ်ဉာဏ်ဂိမ်း ကစားနည်းများကို ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲအပြီးတွင် ပြိုင်ပွဲဝင် မူကြိုအဆင့် သားငယ်၊ သမီးငယ်လေးများအား တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နောင်ချိုမြို့နယ်ရုံးအနေဖြင့် မူကြိုကလေးငယ်များ ကာယဉာဏဖွံ့ဖြိုး တိုးတက်စေရန်၊ အချင်းချင်းချစ်ခင်ရင်းနှီးစွာ ပြောဆိုဆက်ဆံတတ်စေရန်၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် ယခုပြိုင်ပွဲကို ပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ပြန်/ဆက်)