သတင်းများ

နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ (၄/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 23,2022
ကရင်ပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ၏ (၄/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပခဲ့သည်။
ကန့်ဘလူမြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ရပ်ကွက်များ၌ လိုက်လံအသိပညာပေးနှိုးဆော်
Sep 23,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အများပြည်သူသိရှိလိုက်နာရမည့်အချက်များအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး မြို့နယ်ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက စဉ်ဆက်မပြတ် အသိပညာပေး နှိုးဆော်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များတွင် အသံချဲ့စက်ဖြင့် လိုက်လံ အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ပင်းတယမြို့နယ်တွင် ငရုတ်ပွစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း၍ တောင်သူများမှ စျေးကောင်းရရှိရန်မျှော်လင့်
Sep 23,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ငရုတ်ပွသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း လျက်ရှိသည်။
ရေဖြူမြို့နယ်၊ လူထုအခြေပြုဗဟိုဌာနတွင် တန်ဖိုးမြှင့်စား‌သောက်ကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းဖွင့်ပွဲပြုလုပ်
Sep 23,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် ၉ နာရီက သစ်သီးအခြေခံစား‌သောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားပြုလုပ်ကြောင်း သိရသည်။
ကျုံပျော်မြို့နယ်၊ ကမ်းနားမဲဇလီကျေးရွာရှိ အခြေခံအိမ်ထောင်စုများအား စားသောက်ကုန်များ ဈေးနှုန်းချိုစွာဖြင့် ဖြန့်ဖြူးရောင်းချ
Sep 23,2022
ကျေးရွာပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်နှင့် အခြေခံစားကုန်များ ဈေးနှုန်းချိုသာစွာ ရရှိစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တောကြီး ကျေးရွာအုပ်စု၊ ကမ်းနားမဲဇလီကျေးရွာရှိ အခြေခံအိမ်ထောင်စု (၁၂၀)အား စားသောက်ကုန်များ ဈေးနှုန်းချိုစွာဖြင့် ဖြန့်ဖြူးရောင်းချ ပေးခြင်းကို စက်တင်ဘာ ၂၃ ရက် နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စဉ့်ကူးမြို့နယ် လက်ပန်လှကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန် Mask Campaign ပြုလုပ်
Sep 23,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန် Mask Campaign ပြုလုပ်ခြင်းကို လက်ပန်လှကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းရှေ့၊ မန္တလေး-မိုးကုတ်လမ်းပေါ်တွင် ယနေ့နံနက်(၇)က ဆောင်ရွက်ခဲ့သည်။
စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့်စာအုပ်ပြပွဲ ဆောင်ရွက်
Sep 23,2022
ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲကို ယနေ့နေ့လယ်  ၁ နာရီက ဦးစီးဌာနရုံးရှိ Community Centreခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရွှေဘိုမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး Mask Campaign ဆောင်ရွက်
Sep 23,2022
စစ်ကိုင်းတိုင်း​ဒေသကြီး​ ရွှေဘိုခရိုင်​ ရွှေဘိုမြို့ အမှတ်(၉)ရပ်ကွက်ရှိ​ အောင်​ဇေယျာ​စျေးနှင့်မှတ်(၁၀)ရပ်ကွက်ရှိကုန်း​ဘောင်စျေးတို့တွင် ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ခရိုင်/ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် စည်ပင်သာယာ​ရေးဝန်ထမ်းများသည် ယနေ့ နံနက်၈နာရီချိန်က Mask Campaign ဆောင်ရွက်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။