ညောင်တုန်းမြို့တွင် အခြေခံစားသောက်ကုန်များကို သက်သာသောစျေးနှုန်းဖြင့် ဆက်လက် ရောင်းချပေး

ညောင်တုန်း စက်တင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ မြို့နယ်အတွင်းရှိ ပြည်သူများအတွက် အခြေခံ စားသောက်ကုန်များကို သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်‌ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများနှင့် စီးပွားရေး လုပ်ငန်းရှင်များ ပူးပေါင်းပြီး ယမန်နေ့နံနက် ၉ နာရီကအချိန်က မဲဇလီဒလကျေးရွာ၌ ရောင်းချပေးခဲ့သည်။

ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမှတ် (၆)ရပ်ကွက်အုပ်ချုပ်‌ရေးမှူးနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်း၍ အိမ်ထောင်စု(၁)စုလျှင် ဆန်(၂)ပြည် ၃၀၀၀ ကျပ်နှုန်း၊ ဆီ(၅၀)ကျပ်သား ၃၀၀၀ ကျပ်နှုန်း၊ ကြက်ဥ (၅)လုံး ၈၀၀ ကျပ်နှုန်း၊ ဆား(၅၀)ကျပ်သား ၂၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့သည်။

မြို့နယ်အတွင်းရှိ ပြည်သူများ အခြေခံစားသောက်ကုန်များကို သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူ စားသောက်နိုင်‌ရေးအတွက် ရောင်းချပေးခြင်းကို အပတ်စဉ် တနင်္လာနေ့နှင့် သောကြာနေ့များတွင် ရက်ကွက်/ ကျေးရွာအုပ်စုများသို့ အလှည့်ကျရောင်းချပေးသွားမည် ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ထံမှသိရသည်။

မြို့နယ်(ပြန်ဆက်)