သတင်းများ

ပခုက္ကူခရိုင်အတွင်းရှိ‌  အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၃၉၉၈)ဦးတို့အား လူမှုရေးပင်စင်ထောက်ပံ့ပြီးစီး
Sep 24,2022
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက သက်ကြီးဘိုးဘွားများအနေဖြင့် ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝစွာနေထိုင်နိုင်ရန် ရည်ရွယ်၍ လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသူများအား ထောက်ပံ့ငွေများပေးအပ်လျက်ရှိရာ
ပေါင်မြို့နယ်တွင် အဆုတ်တီဘီရောဂါနှင့် ရင်ခေါင်းဆိုင်ရာ စမ်းသပ်မှုပြုလုပ်
Sep 24,2022
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အဆုတ်တီဘီရောဂါနှင့် ရင်ခေါင်းဆိုင်ရာ စမ်းသပ်မှုပြုလုပ်မှုကို ယနေ့နံနက်ပိုင်းက အထကကျွဲခြံကျောင်း လမင်းတစ်ရာခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကိုဗစ်ရောဂါအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ဆောင်ရွက်
Sep 24,2022
ရန်ကုန်တိုင်းဒေသကြီး၊  အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမတွင် ကိုဗစ်−၁၉ ရောဂါအကြောင်း သိကောင်းစရာ အသိပညာပေး Talk  Show ကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ပြေးခုန်ပစ်ပြိုင်ပွဲတွင် ပွင့်ဖြူမြို့နယ် ပြေးခုန်ပစ်အသင်းမှ အမျိုးသားအသင်းလိုက် ဒုတိယဆုနှင့် ရွှေ(၃)ဆု ၊ ငွေ(၁)ဆု ၊ ကြေး(၃)ဆု ဆွတ်ခူးရရှိ
Sep 24,2022
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျင်းပပြုလုပ်သည့် ဝန်ကြီးချုပ်ဖလား အသက် (၁၈) နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသား/ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲတွင် ပွင့်ဖြူမြို့နယ် ပြေးခုန်ပစ်အသင်းမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသားအသင်းလိုက် ဒုတိယဆုနှင့် ရွှေ(၃)ဆု ၊ ငွေ(၁)ဆု ၊ ကြေး(၃)ဆုတို့ကို အသီးသီးဆွတ်ခူးရရှိခဲ့ကြောင်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပွင့်ဖြူမြို့နယ်အားကစားမှူး ဦးရန်လင်းအောင်ထံက သိရသည်။
ချောင်းဆုံမြို့နယ် ဘိုးနက်​ကျေးရွာခန်းမတွင် ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ဒေသခံပြည်သူများနှင့် သွားရောက်တွေ့ဆုံ
Sep 24,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကျေးရွာပြည်သူများ၏ ကျေးရွာမှ ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့က ဘိုးနက်ကျေးရွာခန်းမတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT (၈/၂၀၂၂) သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းနားတက်ရောက်
Sep 24,2022
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း PPTT (၈/၂၀၂၂) သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် မုံရွာပညာရေး ဒီဂရီကောလိပ်ကျောင်းဝန်းအတွင်းရှိ ပဉ္စဗလ ဘက်စုံခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာနှင့် မုံရွာပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
စာဖတ်သူများလက်ဝယ်အရောက် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊စာစောင်များငှားရမ်းပေး
Sep 23,2022
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများ လက်ဝယ် အရောက် လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများ အရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့တွင် မြို့နယ်ရုံးဝန်ထမ်းများက တောင်သာရပ်ကွက်နှင့် အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းတို့သို့ သွားရောက် ငှားရမ်းပေးကြသည်။
ကလောမြို့နယ်၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
Sep 23,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့ ရေအေးကန် ရေဝင်ရေလွှဲ စိမ်းလန်းစိုပြေရေး မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို၊ ယနေ့နံနက် ၉ နာရီအချိန်က ရေအေးကန်အနီးရှိ ကလောသစ်တောကြိုးဝိုင်းတွင် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပခဲ့ကြောင်းသိရသည်။