သာပေါင်း စက်တင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဘုရားနီကျေးရွာအုပ်စု၊ ဘုရားနီကျေးရွာ၊နန္ဒာရာမ ဘုန်းတော်ကြီးကျောင်းတိုက်တွင် ယနေ့ စက်တင်ဘာလ၂၃ ရက်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်း(၅)ကြောင်းဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတတ်ရေး လုပ်ငန်းများ ကျေးရွာအရောက် ဆောင်ရွက်ပေးလျက်ရှိကြသည်။
ထိုသို့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကျေးရွာအရောက်ဆောင်ရွက်ကြရာတွင် အဖွဲ့အမှတ်(၂)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးလှဝင်းနှင့် ဌာနဆိုင်ရာများက တတ်ရောက်လာကြသော ကျေးလက်နေ ပြည်သူ(၁၆၄)ဦးတို့နှင့် တွေ့ဆုံကြ၍ တရားဥပဒေစိုးမိုးရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းတက်ရောက်ရေး၊ အလယ်တန်း၊ အထက်တန်းဆင့်အထိ သင်ယူပြီးမြောက်ရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်း(၆၆/၆)ပြုလုပ်နိုင်ရေး၊
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနိုင်ရေး၊ ရောဂါဖြစ်ပွားမှု လျော့နည်းစေရေးအတွက် ကြိုတင်ကာကွယ်နိုင်ရေး၊ နေအိမ်ပြင်ပထွက်တိုင်း Mask တပ်ဆင်ရေး၊ ကျေးရွာအုပ်စု ပြည်သူ့လုံခြုံရေး ကြီးကြပ်အဖွဲ့ပူးပေါင်း၍ လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းရေး၊ မော်တော်ဆိုင်ကယ်စီးနင်းပါက ဆိုင်ကယ်ဆောင်းဦးထုပ်ဆောင် မေသိုင်းကြိုးတပ်ဆင်ကြရန်၊ သတ်မှတ်မိုင်နှုန်းအတိုင်း မောင်းနှင်ရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကိစ္စရပ်များ
ရှင်းလင်းဆွေးနွေးကြပြီး ဒေသခံပြည်သူများ သိရှိလိုသည်များ မေးမြန်းမှုများအား သက်ဆိုင်ရာဌာနများမှ ပြန်လည်ရှင်းလင်း ဖြေကြားဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဆရာတော်ဦးသုန္ဒရအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှဝင်းတို့က နဝကမ္မအလှူငွေ (၃၀,၀၀၀)ကျပ် ဆက်ကပ်လှူဒါန်း၍ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ကျန်းမာရေးပြုစုစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း
သာပေါင်း (ပြန်/ဆက်)