ကျိုင်းတုံ စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက်(၂၁)အောက် (အမျိုးသား) ဖူဆယ် ဘောလုံးပြိုင်ပွဲကို နောင်ကုန်ကျေးရွာ Greenlight ဖူဆယ်ကွင်း၌ စက်တင်ဘာ ၂၂ ရက် က စတင်ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင် က တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ဖူဆယ်ဘောလုံး အားကစား အဆင့်အတန်း တိုးတက်မြင့်မားလာရေး၊ အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရှိစေရေး၊ မျိုးဆက်သစ် ရွက်ပုန်းသီး အားကစားသမားများ ပေါ်ထွက်လာစေရေးတို့ကို ရည်ရွယ်ကာ ပြိုင်ပွဲကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
အဖွင့်ပွဲစဉ်အဖြစ် LWANT KHAM FC အသင်းနှင့် MOON STAR FC အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ MOON STAR FC အသင်းက ၉ ဂိုး ၄ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ပြိုင်ပွဲတွင် ကျိုင်းတုံမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ အသင်း ၇ သင်း ပါဝင်ယှဉ်ပြိုင်ကစားကြပြီး ပြိုင်ပွဲများကို စက်တင်ဘာ ၂၂ ရက်မှ ၂၇ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)