(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လားရှိုးမြို့၌ စုပေါင်းသွေးလှူဒါန်း

လားရှိုး စက်တင်ဘာလ ၂၃

(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်း (၈) နာရီအချိန်က လားရှိုးပြည်သူ့ဆေးရုံကြီးနှင့် အမှတ်(၉) တပ်မတော်ဆေးရုံ(ခုတင်-၁၀၀) ရှိ သွေးလှူဌာနများတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ စုပေါင်းသွေးလှူဒါန်းသည့်နေရာများသို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး (လားရှိုး) ရဲမှူးကြီးအောင်မြင့်နိုင်၊ ခေတ္တခရိုင်ရဲတပ်ဖွဲ့မှူး (လားရှိုး) ရဲမှူးဝင်းသိန်းနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးခဲ့ကြပြီး အာဟာရဖြည့် အစားအစာများကို ပေးအပ်ခဲ့ကြသည်။

သွေးလှူဒါန်းခြင်းကို ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး (လားရှိုး) ရဲမှူးကြီးအောင်မြင့်နိုင်၏ ဦးဆောင်မှုဖြင့် ရှမ်းပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံး(လားရှိုး)၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး(လားရှိုး)၊ အမှတ်(၁၇)မှုခင်းတပ်ဖွဲ့စု၊ ဒုတပ်ဖွဲ့ခွဲ(လားရှိုး)သတင်းရဲတပ်ဖွဲ့၊ အမှတ်(၂၄)မူးယစ်တပ်ဖွဲ့စု၊ အမှတ်(၁၆)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု၊ လေကြောင်းရဲတပ်ဖွဲ့စု၊ အမှတ်(၂၀) ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲ၊ အမှတ်(၅)ရထားရဲတပ်ဖွဲ့ခွဲ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့စုတို့မှ တပ်ဖွဲ့ဝင်အင်အား စုစုပေါင်း (၆၀)ဦးတို့က စုပေါင်းသွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)