ထားဝယ် စက်တင်ဘာ ၂၃
အောက်တိုဘာ(၁)ရက်နေ့တွင်ကျရောက်သည့် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှကြီးကြပ်၍ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ရုံးများတွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့၊ပြည်သူ့ဆေးရုံကြီး၌လိုအပ်လျက်ရှိသော သွေးများကို စုပေါင်း သွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုနောက်တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု၊ သတင်းရဲတပ်ဖွဲ့စု၊ ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ မှုခင်းရဲတပ်ဖွဲ့တပ်စိတ်၊ အရာရှိနှင့်မိသားစုဝင်များ၏ စုပေါင်းသွေးလှူဒါန်းနေမှုကို ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးကြီး ဝင်းသိန်းနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး တပ်ဖွဲ့ဝင်များအား အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ရွှေပင်လယ်(ထားဝယ်)