မဘိမ်း စက်တင်ဘာ ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ အခြေခံပညာကျောင်းများမှ အသက် (၅)နှစ်မှ(၉)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က တိုက်ကုန်းရပ်ကွက်၊ အခြေခံပညာအ လယ်တန်းကျောင်းခွဲ(မ-၂)၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေး ထိုးနှံပေးရာတွင် မဘိမ်းမြို့၊ တိုက်ကုန်းရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲ(မ-၂)ကျောင်းမှ အသက်(၅)နှစ်မှ(၉)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ ၇၅ ဦးတို့အား ဂျပန်ဦးနှောက်ရောင်ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဂျပန်ဦး နှောက် ရောင်ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းကို မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေး ဌာနမှကျန်း မာရေးဝန်ထမ်းများက ဆက်လက်ထိုးနှံပေးခဲ့ကြပြီး ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများကိုလည်း ဆက်လက်ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးမင်း (ပြန်/ဆက်)