သဲကုန်း စက်တင်ဘာ ၂၆
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မူလတန်းကြိုကျောင်း၌ ယနေ့နံနက် ၉ နာရီက ၂၀၂၂-၂၀၂၃ ခုနှစ် ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပရာ ရှေးဦးစွာလူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်ဦးက ပြိုင်ပွဲကျင်းပခြင်းရည်ရွယ်ချက်နှင့် အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက်သဲကုန်းမူလတန်းကြိုကျောင်းမှ အငယ်ဆင့်သားငယ်၊ သမီးငယ်လေးများ၏ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စုပေါင်းသီချင်းဆိုပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်သားငယ်၊ သမီးငယ်ကလေးများအား တာဝန်ရှိသူများက ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုများအပါအဝင် ဂုဏ်ပြုဆုလက်ဆောင်များ အသီးသီးချီးမြှင့်ပေးအပ်ကာ မိဘဆရာအသင်းမှ မိဘများကိုလည်း ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်ကြသည်။
မြို့နယ်၊ပြန် /ဆက်