သာယာဝတီ စက်တင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်းရှိ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုနှင့် Mask Campaign ပြုလုပ်ခြင်းများကို နေ့စဉ်စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သာယာဝတီမြို့နယ်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် သာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ အနီးကပ်လမ်းညွှန်မှုကိုခံယူ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဆောင်ကာ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် Mask Campaign ပြုလုပ်ခြင်းများ ဆောင်ရွက်ခြင်းလုပ်ငန်းများအား တွန်းအားပေးကြပ်မတ်ကာ မြို့နယ်အတွင်းရှိပြည်သူများအား ဆေးထိုးစုရပ်နှင့်သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စုများရှိ ဆေးထိုးစုရပ်နေရာများ၌ မပျက်မကွက်ထိုးနှံကြရန် ရပ်ကွက်/ ကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများက အသံချဲ့စက်များ၊ Hand Speaker များဖြင့် အသိပေးကြေညာခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဆန်းဟိုနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ စည်ပင်သာယာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက နေ့စဉ် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန့်ဇော်(ပြန်/ဆက်)