မုဒုံ စက်တင်ဘာ ၂၆
မြန်မာနိုင်ငံကြက်ခြေနီအသင်း မွန်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ မုဒုံမြို့နယ်အတွင်းရှိ လူမှုကယ်ဆယ်ရေးအဖွဲ့များထံသို့ တစ်ကိုယ်ရည် ကာကွယ်ရေးဝတ်စုံ PPE Level (3) များ ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့က မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် မုဒုံမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးအောင်ဗိုလ်ကျော်က ကြက်ခြေနီအသင်း၏ လုပ်ငန်းစဉ် (၃) ရပ်ဖြစ်သည့် ကျန်းမာရေးမြှင့်တင်ရန်၊ ရောဂါဘေးတားဆီးရန်၊ ဘေးဒုက္ခကျရောက်သူများကို ကူညီရန် အချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိသည့် လူမှုကယ်ဆယ်ရေးအဖွဲ့ စေတနာ့လုပ် အားရှင်များအား ဘေးကင်းလုံခြုံရေးအတွက် ထောက်ပံ့လှူဒါန်းပေးခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။
ထို့နောက် မုဒုံမြို့နယ်အတွင်းရှိ လူမှုကယ်ဆယ်ရေးအဖွဲ့ တစ်ဖွဲ့လျှင် တစ်ကိုယ်ရည် ကာကွယ်ရေးဝတ်စုံ (၄၀)နှုန်းဖြင့် အဖွဲ့ (၁၃) ဖွဲ့အား စုစုပေါင်းဝတ်စုံ (၅၂၀)ကို တာဝန်ရှိသူများမှ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
သားငယ် (ပြန်/ဆက်)