ကြို့ပင်ကောက်မြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေး

ကြို့ပင်ကောက် စက်တင်ဘာ ၂၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းကာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ထိုးနှံပေးခြင်းဖြစ်ကြောင်း ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး Myancopharm မှာ သုံးကြိမ်မြောက်နှင့် လေးကြိမ်မြောက်ဆေးထိုးရမည့် သူများအားထိုးနှံပေးခြင်းဖြစ်ကြောင်း ကာကွယ်ဆေးထိုးနှံပေးသည့် တာဝန်ခံတစ်ဦးကပြောသည်။

ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာနှစ်ဦးရှိကြောင်း ကုသရေးစင်တာများအား မြို့နယ်ပြည်သူ့ဆေးရုံး၊ အလယ်ကုန်းတိုက်နယ်ဆေးရုံနှင့် တိုင်းရင်းဆေးရုံတို့တွင် ဖွင့်လှစ်ထားကြောင်း ကိုဗစ်-၁၉ ရောဂါသံသယရှိလူနာများအား သီးခြားထားရှိရန် မြို့နယ်ခန်းမနှင့် စက်မှုလယ်ယာခန်းမတို့တွင် စီစဉ်ထားကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှသိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)